ယောကျ်ားနိုင်နည်း (6) နည်း

(၁) နဲနဲချင်းဘဲ ချစ်ပြပါ။

( ဟတ်ဟတ်ထိုး ကြွေတဲ့အထာနဲ့ အသေအလဲ ချစ်ပြလိုက်ရင် တစ်ချိန်ချိန်မှာ ချောင်ထိုးခံ ရပါလိမ့်မယ်။ မာန်တက်သွားတာ အကြောပြောင်သွားတာ မြင်ရပါလိမ့်မယ်။ အဲ့တော့ ချစ်နေခဲ့ရင်တောင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ပြီး မချစ်သလိုနေ နဲနဲချင်းဘဲ ချစ်ပြပါ Anni တွေ အထိ တာရှည်ခံ ပါလိမ့်မယ် )

(၂) သူမခေါ်ရင် ကိုယ်လည်း မခေါ်နဲ့။

( ကိုယ်က အောက်ကျခံ ချစ်ပေးကြည့်လိုက် ခေါင်းပါ တက်နင်းသွားမှာ။ ဖုန်း တဂွမ်ဂွမ်ဆက် အသည်းအသန် ဖြစ်မပြလိုက်နဲ့ ကိုယ့်ကို သံပုရာပင် ထင်သွားရော။ ရည်းစားထားပြီး ချော့တာလောက်မှ မလုပ်နိုင်ဘူးဆို အစကတည်းက လာမပက်သက် နေနဲ့လေ။ ပစ်ထားလိုက် တစ်ကယ် ချစ်တယ် မြတ်နိုးတယ်ဆို သူ့ဘက်က နေနိုင်မှာ မဟုတ်ဘူး ခယလာလိမ့်မယ်။ အနည်းဆုံးတော့ စိတ်ဓါတ်လေး သိရမှာ )

(၃) Dating လာလုပ်တိုင်း ခေါင်းမညိတ်နဲ့။

( အရမ်းတွေ့ချင် နေတယ် ဆိုတောင် စိတ်ကိုလျှော့ အရုပ်ကိုဘဲ ၂ ဆတိုးပြီး အသဲယားပစ်လိုက် အပြစ် ပုံချအာဘွားပေးလိုက်။ လူတွေက လွယ်တဲ့အရာဆို တန်ဘိုးထားကြတာမှ မဟုတ်တာ။ ခက်ခဲပေ့ ဆိုတာကိုမှ ကိုးကွယ်ချင်တဲ့ အမျိုးလေ။ အဲ့တော့ ချိန်းတိုင်း ငြင်းလိုက်ပါ ၁၀ ကွေ့ ၁ ကွေ့လောက်ဘဲ လက်ခံလိုက်ပါ။ တန်ဖိုးကို နားလည်သွားလိမ့်မယ် )

(၄) အလျော့မပေးနဲ့။

( စကားရော ဖေါရောနဲ့ အလိုလိုက် ပေးကြည့် Ha ha တောင် ဟိုက လုပ်သွားဦး မယ်လေ။ စပ်ဖြီးဖြီး သွားမလုပ်နဲ့ ရင့်ကျက်တဲ့ အထာနဲ့နေ ဖိန့်ဖိန့်တုန် လန့်နေလိမ့်မယ်။ တခါတည်းပါ ဆိုတဲ့ စကားရယ် ၊ ခဏပါဆိုတဲ့ စကားရယ် ၊ စိတ်ချပါ ဆိုတဲ့ စကားရယ် လုံးဝယုံပေးဖို့ မစဉ်းစား လိုက်နဲ့ ရင်ထဲ အသည်းထဲ ကလီစာထဲက မှတ်ထား )

(၅) Record အမြဲ လုပ်ထားပါ။

( ဗြောင်ငြင်း မရအောင် အချက်အလက်နဲ့တကွ သက်သေပြပါ။ နေ့စွဲတွေ အချိန်တွေ သေချာ မှတ်သားထားပါ။ ကတိတွေ ရပြီးရင် သေချာမှတ်သား အချိုးမပြေရင် သစ္စာမဲ့တဲ့သူ ဆိုပြီး စကားလုံးနဲ့ ကိုင်ပေါက်ပါ။ တစ်ခုခု မဟုတ်တာ လုပ်မယ် မကြံနဲ့ မျက်လုံးနဲ့ တစ်ချက် ရှိုးတာနဲ့ ဒူးပါဆတ်ဆတ် တုန်သွားတဲ့ အထိ နိုင်ကွက်တွေ မှတ်သားထားပါ )

(၆) သူ့ရှေ့မှာ ဘယ်တော့မှ မျက်ရည် ကျမပြနဲ့။

( ဝမ်းနည်းတတ်မှန်း သိသွားရင် နောက်ဆို စိတ်ဒုက္ခတွေ လာပေးတော့မှာ သေချာတယ်။ သိပ် ဝမ်းနည်းနေခဲ့ရင်တောင် ရှေ့မှာ ဟန်ဆောင်ပြုံးပြ ကွယ်ရာကျမှ လူးလှိမ့် ငိုကြွေးလိုက်။ မာနကြီးပြီး စိတ်ဓါတ်မာတဲ့ မိန်းခလေးဆို ဘယ်သူကမှ အထင်မသေးရဲဘူး ပစ်ချဖို့ဆို ပိုလို့တောင် ဝေးသေး။ ဘူဒိုဇာနဲ့ ထိုးချတာတောင် အနားက ထွက်သွားမှ ာမဟုတ်ဘူး )

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား